ဆန္ဒ

လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာ

သိတတ်စအရွယ်ကတည်းက

တစ်နေ့နေ့ငါအရွယ်ရောက်လာရင်ဆိုတဲ့

ဆန္ဒလေးတွေ ရှိနေတတ်ကြပါတယ်။

သူမမှာလည်း ရှိခဲ့တာပေါ့။

အခုထိလည်းဆက်လက်ပြီးရှိနေဆဲပါပဲ။

အဲ့ဒီဆန္ဒလေးတွေကဘာလည်းဆိုတော့....

Thursday, August 14, 2008

ဆန္ဒတစ်ခုနှင့် ရပ်တည်ခဲ့သော နေ့စွဲများ ( ၁ )

နောက်ဆုံးအချစ်...

ကိုယ့်ချစ်သူရဲ့
အချစ်ဦးမဖြစ်ရင် နေပါစေ...
ကိုယ့်ချစ်သူရဲ့
နှလုံးသားထဲမှာ
ကိုယ်ကလွဲပြီး
နောက်ထပ်ချစ်ရတဲ့သူ
မရှိနိုင်တော့မယ့်၊
ကိုယ့်ထက်ချစ်ရတဲ့သူရယ်လို့
မရှိနိုင်တော့မယ့်၊
အချစ်တွေအားလုံးဟာ
ကိုယ်တစ်ယောက်တည်းနဲ့
အဆုံးသတ်သွားမယ့်
အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်အဖြစ်
ထာဝရ ရပ်တည်သွားခွင့်ရရင်
တစ်သက်လုံး ကျေနပ်နေမှာပါ...။

လွမ်းသုရင်
၁၄ သြဂုတ် ၂၀၀၈

1 comment:

Unknown said...

ပထမဦးဆုံး နဲ့
နောက်ဆုံးအချစ်ကိုရော ရဘို့ဆိုတာ
မလွယ်ကူလောက်လို့
မိန်းခလေးတွေက
နောက်ဆုံးအချစ်ကိုပဲ လိုချင်ကြတယ်
ထင်တယ်နော်.......